KYATmall Policy

KYATmall ၏ မူဝါဒများနှင့် စည်းမျဉ်းများ

ငွေပြန်အမ်းခြင်း ပေါ်လစီ

KYATmall တွင် ဖောက်သည်များ၏ ယုံကြည်စိတ်ချမှုကို အမြဲအဖြေးထားပါသည်။ သင့်ဈေးဝယ်အတွေ့အကြုံကို အဆင်ပြေဖြစ်ရန်အတွက် ပစ္စည်း ပြန်လဲခြင်းနှင့် ငွေပြန်အမ်းခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။

ငွေပြန်အမ်းခြင်း လက်ခံနိုင်သည့် အခြေအနေများ

ဖောက်သည်များသည် အောက်ပါအခြေအနေများအတွက် ငွေပြန်အမ်း ခွင့်ရှိပါသည်။

  1. မှားယွင်းသော ပစ္စည်းရရှိခြင်း - ကျွန်ုပ်တို့မှာယူထားသည့်ပစ္စည်းနှင့် မကိုက်ညီသော အရောင်၊ အရွယ်အစား သို့ မဟုတ် ပုံစံရှိပါက။
  2. ပစ္စည်းပျက်စီး/ချို့ယွင်းမှုရှိခြင်း - ပစ္စည်းကို လက်ခံချိန်တွင် အသုံးမပြုမီ မှာယူမှု Order ပျက်စီးနေပါက။
  3. ပစ္စည်းမရောက်ရှိခြင်း - KYATmall ၏စစ်ဆေးမှုအပြီး ဆုပ်ပြီး အိမ်အရောက် Delivery Service တွင် မိမိမှာယူထားသည့် ပစ္စည်း မရောက်ရှိပါက။
  4. အာမခံထားသည့် အရည်အသွေးမပြည့်မီခြင်း - KYATmall မှ ဖော်ပြထားသည့် အာမခံစည်းမျဉ်းအတိုင်း အရည်အသွေးမပြည့်မီပါက။ သို့သော် ကျွန်ုပ်တို့၏ အရည်အသွေး စစ်ဆေးမှုကို ရွေးချယ်ထားသည့် Order များအတွက်သာ KYATmall ဘက်မှ မှာယူမှုပစ္စည်း၏ အရည်အသွေးကိုသာ အာမခံပါသည်။

ငွေပြန်အမ်းခြင်း လက်မခံနိုင်သည့် အခြေအနေများ

KYATmall သည် အောက်ပါအခြေအနေများအတွက် ငွေပြန်အမ်း တောင်းခံမှုများကို လက်မခံနိုင်ပါ:

  • ပစ္စည်းကို ဖွင့်ဖောက်၍အသုံးပြုထားသောပစ္စည်းများ၊ သန့်ရှင်းမထားသော အခြေအနေတွင် ရှိနေသောပစ္စည်းများ။
  • Customer ၏ ကိုယ်တိုင်စိတ်ကြိုက် ရွေးချယ်မှာယူထားသော ပစ္စည်းများကို KYATmall ဘက်မှ ပြန်အမ်းပေးမည်မဟုတ်ပါ။
  • အထူးပရိုမိုးရှင်း၊ "Clearance" သို့ မဟုတ် "Final Sale" အဖြစ် ရောင်းချထားသည့်ပစ္စည်းများ။
  • သက်ဆိုင်ရာ အစိုးရပစ္စည်းတားမြစ်ချက်အောက်တွင် ပြန်လဲ၍မရနိုင်သော ပစ္စည်းများ (ဥပမာ - အစားအသော၊ ပစ္စည်းသက်တမ်းကုန်သည့်အတွက် အန္တရာယ်ရှိနိုင်သည့်ပစ္စည်းများ)။
  • များကျရာတွင်သယ်ယူပို့ဆောင်ချိန်အတွင်း ပစ္စည်းတစ်စုံတစ်ရာထိခိုက်မှု/ပျောက်ဆုံးမှူရှိပါက ပစ္စည်းတန်ဖိုးအတိုင်း ပေးလျော်မည်ဖြစ်ပါသည်။
  • ပစ္စည်းများကို အာမခံဝယ်ယူရန် အထူးအကြံပြုချက် အာမခံဝယ်ယူပါက တန်ဖိုးငွေအတိုင်း သို့ မှာယူထားသောပစ္စည်းအတိုင်း ပြန်လည် ပေးလျော်ပါမည်။ အာမခံကြေးမှာ ပစ္စည်းများအားလုံ အတွက် 2% ဖြစ်ပါသည်။

ငွေပြန်အမ်း တောင်းခံရန် လိုအပ်သော အဆင့်များ

  1. ကျွန်ုပ်တို့ ပြန်လည်ပေးပို့သောပစ္စည်း လက်ခံရရှိပြီး ၃ ရက်အတွင်း KYATmall Customer Service မှ ဆက်သွယ်၍ ပြန်လည်ပေးချေပါမည်။
  2. ပစ္စည်းမှာယူထားသောအမှာစာနံပါတ်၊ ပစ္စည်းပျက်စီးနေသောပုံ နှင့် လိုအပ်သော အချက်အလက်များကို တင်ပြပေးပါရန်။
  3. KYATmall ၏ စစ်ဆေးသုံးသပ်မှုအပြီး အတည်ပြုပြီးပါက ပျက်စီးထားသောပစ္စည်း ပြန်လဲခြင်း သို့ မဟုတ် ငွေပြန်အမ်း လုပ်ငန်းစဉ်ကို KYATmall ဘက်မှ စတင်၍ လုပ်ဆောင်ပါမည်။
  4. KYATmall ဘက်မှအတည်ပြုချက်ရပြီးနောက် ငွေပြန်အမ်း လုပ်ငန်းစဉ်သည် 7 – 14 အလုပ်ရက် အတွင်း ပြီးမြောက်နိုင်ပါသည်။

ငွေပြန်အမ်း နည်းလမ်းများ

Online Payment / Transfer - သင့် ငွေပေးချေမှုနည်းလမ်းအတိုင်း ပြန်အမ်းပေးပါမည်။ (မှတ်ချက်-ငွေပြန်အမ်းခြင်းအတွက် အချိန်ကြာမြင့်စွာ သက်ဆိုင်ရာ ဘဏ်/Mobile Wallet စနစ်ပေါ်မူတည်ပါသည်။)

ပစ္စည်းပြန်ပို့ခြင်း

  • Customer သည် ပစ္စည်းကို မူရင်းထုတ်ပိုးထားသည့်ပုံစံ အတိုင်း ပြင်ဆင်၍၊ လိုအပ်သည့် Invoice သက်သေအထောက်အထားများနှင့်အတူ ပြန်ပို့ရပါမည်။
  • Customer အမှားကြောင့် ပြန်ပို့ပါက KYATmall ထံသို့ ပြန်လည်ပို့ဆောင်ပေးသည့် ပစ္စည်းပို့ခသည် Customer မှ ထမ်းဆောင်ရပါမည်။
  • KYATmall ၏ အမှားကြောင့် ဖြစ်ပါက (မှားယွင်းပစ္စည်း၊ ပျက်စီးခြင်း) သယ်ယူပေးသည့် ကုန်ကျစရိတ်ကို KYATmall ဘက်မှ ပေးဆောင်ပါမည်။
  • အစိုးရပေါ်လစီအရ Custom ဖွင့်ဖောက် စစ်ဆေးခြင်း သို့ သဘာဝဘေးအန္တရာယ် ရန်သူမျိုးကွဲ ကြောင့်ဖြစ်ပွားသော ပျက်စီးဆုံးရှုံးမှုကို KYATmall ဘက်မှ တာဝန်ယူမည်မဟုတ်ပါ။

စွန့်ပစ်ခြင်း ပေါ်လစီ

KYATmall သည် သင့်အတွက် အမြဲ ယုံကြည်စိတ်ချရသည့် ဈေးဝယ်အတွေ့အကြုံကို ပေးနိုင်ရန်အတွက် ပစ္စည်းများ၏ အရည်အသွေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းမှု ကို အဖြေးထားပါသည်။

ဘယ်လိုပစ္စည်းတွေကို စွန့်ပစ်သလဲ?

  • သက်တမ်းကုန်ပြီး အသုံးမပြုနိုင်တော့သော ပစ္စည်းများ
  • Customer ပြန်ပို့ထားသော အရည်အသွေးမပြည့်မီသည့် ပစ္စည်းများ
  • စစ်ဆေးမှုအတွင်း defect တွေ့ရှိပြီး ထပ်မရောင်းနိုင်သော ပစ္စည်းများ
  • လုံခြုံရေး သို့ မဟုတ် ကျန်းမာရေးအန္တရာယ်ရှိစေနိုင်သော ပစ္စည်းများ

စွန့်ပစ်တဲ့အချိန် KYATmall ဘာလိုပ်မလဲ?

  • စစ်ဆေးခြင်း – ပစ္စည်းအခြေအနေကို စာရင်း အတည်ပြုမယ်။
  • စာရင်းသွင်းခြင်း – စွန့်ပစ်မည့်ပစ္စည်းများကို စာရင်းသိမ်းဆည်းမယ်။
  • စွန့်ပစ်ခြင်း – အသုံးပြုနိုင်သေးရှင် လှူဒါန်းပါမည်။ အသုံးမပြုနိုင်တော့ရှင် စနစ်တကျ အဖျက်လုပ်ပါမည်။
  • ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် – KYATmall သည် စွန့်ပစ်ရာတွင် သဘာဝနှင့်ပတ်ဝန်းကျင် အန္တရာယ်မကျရောက်နိုင်ရိုု ကို အဖြေးထားး၍ လက်စားစွန့်ပစ်ခြင်း လုပ်ဆောင်ပါမည်။

ပြည်တွင်းသိုလှောင်ဂိုဒေါင် ပေါ်လစီ

KYATmall သည် Customer များ၏ မှာယူထားသော ပစ္စည်းများကို လုံခြုံစွာသိမ်းဆည်းပြီး အချိန်မီမှန်ကန်စွာ ပို့ဆောင်နိုင်ရန်အတွက် ပြည်တွင်းသိုလှောင်ဂိုဒေါင်များကို စနစ်တကျ စီမံခန့်ခွဲထားပါသည်။

ကျွန်ုပ်တို့၏ ရန်ကုန်မြို့ဂိုဒေါင်တွင် ၁၀ ကီလိုအောက်ပစ္စည်းများကို အခမဲ့ ၇ရက်ထားခွင့် ပေးပါမည်။ သတ်မှတ်ရက်ကျော်လွန်သည်အထိ လာရောက်ရွေးယူခြင်းမရှိသော ပစ္စည်းများကိုမူ ထိန်းသိမ်းချောင့်ရှောက်ခအနေဖြင့် တစ်ရက်ချင်း ကျွန်ုပ်တို့၏ မှာယူမှုကြေးသင့်ငွေ၏ 1% ကိုကောက်ခံမည်ဖြစ်သည်။

ပစ္စည်းသိုလှောင်မှု အာမခံချက်

  • အစားအသောက်၊ အလှကုန်ပစ္စည်းများကဲ့သို့ သက်တမ်းအရေးကြီးသည့် ပစ္စည်းများကို သီးခြားဌာနတွင် ထိန်းသိမ်းမည်။
  • အထုပ်များကို လုံခြုံစွာ ထည့်သိမ်းပြီး ပျက်စီးမှု မဖြစ်စေရန် အဆင့် မြင့် packaging system အသုံးပြုမည်။

လုံခြုံရေး စနစ်များ

ဂိုဒေါင်များတွင် 24/7 Security နှင့် CCTV စောင့်ကြည့်မှုများရှိသည်။ သယ်ယူပစ္စည်း ဝင်ထွက်မှုအားလုံးကို စာရင်းသွင်းထားပြီး အတည်ပြုထားသော စနစ်အတိုင်းသာ ကျွန်ုပ်တို့ထံသို့ ပို့ဆောင်ပေးပါမည်။

အခြား ပေါ်လစီများ

တားမြစ်ပစ္စည်းများ ပေါ်လစီ

ဥပဒေထောက်ခံမထားသော ပစ္စည်းများ၊ မူးယစ်ဆေး၊ လက်နက်၊ စာနယ်ဇင်းဆိုင်ရာ တားမြစ်ပစ္စည်းများ စသည့် မရောင်းခွင့်ရှိပါ။

အသက်အရွယ်မပြည့်သူများ ပေါ်လစီ

အသက် ၁၆ အောက် Customer များ ပစ္စည်းမှာယူသည့်အခါ KYATmall ဘက်မှ Order Confirm လုပ်ပြီးနောက် Order cancel ခြင်းများ လက်မခံပါ အုပ်ထိန်းသူမှ ဆက်လက် တာဝန်ယူပေးရပါမည်။

Cookies ပေါ်လစီ

Website browsing အတွေ့အကြုံ တိုးတက်စေရန် Cookies အသုံးပြုနိုင်သည်။ Customer သဘောတူညီမှုသာ သုံးမည်။

အော်ဒါပယ်ဖျက်ခြင်း ပေါ်လစီ

  • ပစ္စည်းရွေးချယ်ပြီးငွေမရှင်းမီ အော်ဒါပယ်ဖျက်နိုင်သည်။
  • ငွေရှင်းပြီးသားအော်ဒါများကို ပယ်ဖျက်၍ မရနိုင်ပါ။

ပို့ဆောင်ခြင်း ပေါ်လစီ

  • ပစ္စည်းများကို ရန်ကုန်ရုံးမှ ၂-၅ ရက်အတွင်း ပုံမှန်ပို့ဆောင်မည် (အခြေအနေပေါ်မူတည်ပြီး ကွာခြားနိုင်သည်)။
  • တည်နေရာပေါ်မူတည်၍ ပို့ဆောင်ခ ကွာခြားနိုင်သည်။
  • ပစ္စည်းအချို့သည် ကျွန်ုပ်တို့၏ ပြန်လည် ပြင်ဆင်ထားသော လိပ်စာအရ နယ်ပယ် အကန့်အသတ်ရှိနိုင်သော်ကြောင့် KYATmall ရုံးချုပ်သို့သာ ကိုယ်တိုင် လာရောက်၍သော်လည်းကောင်း၊ ကိုယ်စား ကွယ်လှယ်၍ လာယူ၍သော်လည်းကောင်း လာရောက်ထုတ်ယူ နိုင်ပါသည်။